Registration No.: 53215489D

“ဒေါင်းမင်း”စာပေ မိတ်ဆက်စာ

 

အမိမြန်မာနိုင်ငံနှင့် ဝေးကွာနေပြီး မြန်မာစာကိုချစ်မြတ်နိုးကြသည့် မြန်မာစာဖတ်ပရိသတ်များ၏ မြန်မာစာပေဖတ်ရှုလိုသည့် အာသီသအား ဖြည့်ဆည်းပေးနိုင် ရန်အလို့ငှာ ဒေါင်းမင်းစာပေဖြန့်ချိရေး (စင်ကာပူ)မှ စာပေခြေလှမ်းသစ်တစ်ခု စတင်လိုက်ပြီဖြစ်ကြောင်းကို ၀မ်းမြောက်စွာ သတင်းပေးရပါသည်။

အားလုံးသိရှိပြီးဖြစ်ကြသည့်အတိုင်း မိမိတို့မြန်မာလူမျိုးများသည် နှစ်ပရိစ္ဆေဒကြာရှည်စွာကတည်းကပင် ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ရှိခဲ့ရာ စာချစ် သောလူမျိုး စာဖတ်သောလူမျိုးများ ဖြစ်ကြပါသည်။ မြန်မာပြည်တွင်းရှိမြန်မာများ စာပေဖတ်ရှုကြသကဲ့သို့ မြန်မာနိုင်ငံ၏ပြင်ပသို့ ရောက်ရှိနေကြသည့်မြန်မာ များသည်လည်း စာဖတ်ကြသည်သာ ဖြစ်ကြပါ၏။

သို့တစေ မြန်မာနိုင်ငံ၏ပြင်ပသို့ရောက်ရှိနေကြသည့် မြန်မာများအနေဖြင့် မိမိတို့ ဖတ်ရှုလိုသော စာအုပ်များရရှိနိုင်ရန် အခက်အခဲများ ရှိနေကြပါသည်။ မိမိတို့ကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားသို့ရောက်ရှိနေသဖြင့် ထိုအခက်အခဲများကို ကြုံတွေ့ခဲ့ကြရလေရာ များစွာစာနာလျက် ခံစားနားလည်သဘောပေါက်ခြင်း ဖြစ် မိရပါသည်။

သို့ဖြစ်လေရာ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေကြသည့် မိမိတို့ မြန်မာလူမျိုး စာဖတ်ပရိသတ်များအနေဖြင့် ဖတ်ရှုလိုသည့် မြန်မာစာအုပ်များကို လွယ်လင့်တကူ မှာယူဖတ်ရှုနိုင်ကြစေရန်အတွက် ဒေါင်းမင်းစာပေဖြန့်ချိရေး (စင်ကာပူ)ကို ဖွဲ့စည်းထူထောင်ခဲ့ပါသည်။

ဒေါင်းမင်းစာပေဖြန့်ချိရေးတွင် ဘာသာရေး၊ ဘုရားသမိုင်း၊ နိုင်ငံရေး၊ စာပေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ စီးပွားရေး၊ အတွေး အခေါ်၊ ခရီးသွား၊ ပြဇာတ်၊ စိတ်ပညာ၊ နက္ခတ္တဗေဒ၊ အစမ်းစာ၊ ၀တ္တုရှည်၊ ၀တ္တုတိုပေါင်းချုပ်၊ အတ္ထုပ္ပတ္တိ၊ ဘ၀အတွေ့အကြုံ၊ စာပေဝေဖန်ရေး စသည့် ရသသု တစာအုပ်အမျိုးမျိုးတို့ ရရှိနိုင်ပါသည်။

 

အယ်ဒီတာ

“ဒေါင်းမင်း”စာပေ    

စင်ကာပူနိုင်ငံ။

Website: www.daunmin.com

E-mail: editor@daunmin.com