Registration No.: 53215489D
စာအုပ်ဝယ်ယူတော့မည်ဆိုပါက..
ပုံမှန်စာအုပ်ပို့ခသည် စာအုပ်အလေးချိန်ပမာဏနှင့် ပေးပို့ရမည့်နေရာကိုလိုက်ပြီး ကျသင့်ပါမည်။
စင်ကာပူနိုင်ငံအတွင်းပို့ပေးခြင်း
စာတိုက်မှ ရိုးရိုးပေးပို့ခြင်း (Normal Postage)
SingPost မှတဆင့် စာအုပ်ပို့ပေးရန် ကြာမြင့်ချိန်သည် ပုံမှန်အားဖြင့် အလုပ်လုပ်ရက်(စနေ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက်များ မပါ) ၂ ရက်မှ ၇ ရက်ထိ ကြာမြင့်တတ်သည်။
စုစုပေါင်း  ကျသင့်ငွေ = ရောင်းဈေး/ အသင်းဝင်များ ရောင်းဈေး + စာအုပ်ပို့ခ
ရေစစ္စရီ ဖြင့်ပေးပို့ခြင်း (Registered Postage)
ရေစစ္စရီ (Registered) ဖြင့်ပေးပို့လိုပါက တစ်ထုတ်လျင် [per parcel] ($2.24) ပိုပေးရပါမည်။
SingPost မှတဆင့် စာအုပ်ပို့ပေးရန် ကြာမြင့်ချိန်သည် ပုံမှန်အားဖြင့် အလုပ်လုပ်ရက်(စနေ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက်များ မပါ) ၁ ရက်မှ ၃ ရက်ထိ ကြာမြင့်တတ်သည်။
စုစုပေါင်း  ကျသင့်ငွေ = ရောင်းဈေး/ အသင်းဝင်များ ရောင်းဈေး + စာအုပ်ပို့ခ + $2.24(တစ်ထုတ်လျင် [per parcel])
 Local shipping rate table
နိုင်ငံခြားတိုင်းပြည်များသို့ ပို့ပေးခြင်း
SingPost မှတဆင့် စာအုပ်ပို့ပေးရန် ကြာမြင့်ချိန်သည် ပုံမှန်အားဖြင့် အလုပ်လုပ်ရက်(စနေ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက်များ မပါ) ၆ ရက်မှ ၁၅ ရက်ထိ ကြာမြင့်တတ်သည်။
ရေစစ္စရီ ဖြင့်ပေးပို့ခြင်း (Registered Postage)
စုစုပေါင်း  ကျသင့်ငွေ = ရောင်းဈေး/ အသင်းဝင်များ ရောင်းဈေး + စာအုပ်ပို့ခ + $2.20(တစ်ထုတ်လျင် [per parcel])
 Overseas shipping table rate (Zone1)
စာအုပ်ဝယ်ယူတော့မည်ဆိုပါက ..
၁။ ဘဏ်မှတဆင့် ငွေလွှဲခြင်း (Bank Transfer: POSB နှင့် OCBC)
မိတ္တူကော်ပီ (scanned copy of bank transaction receipt) သို့မဟုတ် ဘဏ်ငွေပို့လွှာလက္ခံစာရွက် (photo of bank transaction receipt) တို့ကို စာအုပ်မှာယူအပြီး ၂၄ နာရီအတွင်း sales@daunmin.comသို့ အီးမေးဖြင့် ပေးပို့ပေးရပါမည်။ မိတ္တူကော်ပီ သို့မဟုတ် ဘဏ်ငွေပို့လွှာလက္ခံစာရွက်တို့ကို သတ်မှတ်ထားသည့်အချိန်အတွင်း ဒေါင်းမင်းမှ မရရှိခဲ့ပါက စာအုပ်မှာယူခြင်းကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပေ။  မိတ္တူကော်ပီ သို့မဟုတ် ဘဏ်ငွေပို့လွှာလက္ခံစာရွက်တို့ကို သတ်မှတ်ထားသည့်အချိန်အတွင်း ဒေါင်းမင်းမှ လက်ခံရရှိပါက invoice ကို မှာယူသူထံ အီးမေးနှင့်ပို့ပေးလျက် စာအုပ်များအား စာတိုက်မှပေးပို့ပါမည်။ စာအုပ်မှာယူခြင်းကို စိစစ်ဆောင်ရွက်ရန် ၂ ရက်မှ ၄ ရက်အထိ ကြာမြင့်ပါမည်။
၂။ Paypal မှတဆင့် ငွေလွှဲခြင်း
စာအုပ်ဝယ်ယူသူမှ လွှဲပို့ပေးသည့်ငွေကို လက်ခံရရှိပါက invoice ကို မှာယူသူထံ အီးမေးနှင့်ပို့ပေးလျက် စာအုပ်များအား စာတိုက်မှပေးပို့ပါမည်။ စာအုပ်မှာယူခြင်းကို စိစစ်ဆောင်ရွက်ရန် ၂ ရက်မှ ၄ ရက်အထိ ကြာမြင့်ပါမည်။
မှတ်ချက်။  ဒေါင်းမင်းစာပေဖြန့်ချိရေးမှ ရောင်းပြီးသောစာအုပ်များကို ၀ယ်ယူသူများအနေဖြင့် စာအုပ်ဖလှယ်ခြင်းနှင့် ငွေပြန်လည်တောင်းယူခြင်းများ ခွင့်မပြုပါ။
                နေရပ်လိပ်စာကို ပြည့်စုံမှန်ကန်စွာ မပေးသဖြင့် ၀ယ်ယူသူထံသို့ ပေးပို့သည့်စာအုပ်များ မရောက်ရှိခဲ့ပါက နောက်တစ်ကြိမ် ပြန်ပို့ပေးရသည့်ကျသင့်ငွေကို